နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌  ဇန်နဝါရီ ၁၀ ရက်တွင် မြန်အောင်ခရိုင်၊ ကြံခင်း မြို့နယ်၌ တရားမဝင် အခြားသစ် (၆ ဒသမ ၁၅၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၆,၁၂၀)နှင့် ဇန်နဝါရီ၁၁ ရက်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် (၄ ဒသမ ၂၈၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၉,၈၉၄)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၆,၀၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ တောင်တွင်း ကြီးမြို့နယ်၌ လိုင်စင်မဲ့ Tarbo Star 110 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၀၇၆)တန်နှင့် အခြားသစ် (၁၀ ဒသမ ၂၉၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၀၇၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၂,၀၇၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၃ ရက်တွင် ပဲခူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၄၅၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၂၀,၃၀၀)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့ TOYOTA Voxy မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက်တွင် သာယာဝတီခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၀၅၈)တန်၊ အခြားသစ် (၅ ဒသမ ၅၇၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၃,၂၆၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၈၃,၅၆၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ()မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၄၈၁,၆၄၆)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)