နေပြည်တော်၊ ဖေဖော်ဝါရီ ၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ် (တံတားကျိုး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မော်တော်ယာဉ် တစ်စီး ပေါ်မှI Pad pro အလုံး (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းသယ်ဆောင် လာသည့် ခရီးသည်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ၇၅,၀၀၀,၀၀ဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၃,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုခရိုင်အတွင်း တရားမဝင် ကျွန်းတံခါးရွက်၊ ကျွန်းခွဲသားများ ဆိုဒ်စုံ (၃ ဒသမ ၆၅၆၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၉၇,၀၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၁၃ ဒသမ ၇၉၄၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၂၃,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၇ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇,၄၂၀,၃၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှ သိရသည်။

သတင်းစဉ်