နေပြည်တော်၊ ဇွန် ၂၁
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် ရန်ကုန်တိုင်း‌ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သည့် ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်၊ (၅၀) ကွေ့ မှတ်တိုင်အနီး၌ တရားမဝင် ကျွန်းယောင်ခြမ်း (၃ ဒသမ ၇၀၃၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၄၄,၂၄၄)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Faw (၆)ဘီး ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၄၄၄,၂၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက်တွင် ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၄.၀၆၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၃,၀၈၀)ကို လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ကြံခင်းမြို့နယ် အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၁ ဒသမ ၂၇၀၄) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၅,၂၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၃၅၈,၂၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက် လျက်ရှိသည်။
    
အလားတူ မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက် တွင် ရေနံချောင်းမြို့နယ်အတွင်း လိုင်စင်မဲ့ TOYOTA MARK II အမျိုးအစား မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)နှင့် TOYOTA  ALPHARD အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ဇွန် ၂၀ ရက်တွင် ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်နှင့် အောင်လံမြို့နယ်တို့အတွင်း တရားမဝင် မီးသွေး (၂၆၃)အိတ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၄၉၅)၊ ကျွန်းသစ်ခွဲသား(၅၁ ဒသမ ၂၆၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၅၆,၄၈၀)နှင့် အခြား သစ်မျိုးစုံ(၆ ဒသမ ၅၁၄၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၃၈,၄၇၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဇွန် ၂၁ ရက်တွင် ပွင့်ဖြူမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ(၂ ဒသမ ၈၈၉၈)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈,၀၉၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၈၅၃,၅၄၃)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 
    
ယင်းအပြင် ဇွန် ၁၈ ရက်တွင်  ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံတွဲခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၇ ဒသမ ၆၂၄၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၁,၄၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ထို့ပြင် ဇွန် ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန် ကျ စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ဘားအံမြို့သို့ သွားရောက် သည့် မော်တော်ယာဉ်(၁)စင်းပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၆၀,၀၀၀)နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်(၂)စီးပေါ်၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသည့်  တိရစ္ဆာန်အစာနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၅၁၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍  ဇွန် ၁၇ ရက်၊ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၉၈၇,၅၀၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)