နေပြည်တော် နိုဝင်ဘာ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
နိုဝင်ဘာလ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၂၅) လုံး အတွင်းမှ ပို့ကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ခနောက်စိမ်းဟု ယူဆရသော သတ္တု (၅၉၃၅၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂,၆၈၇,၈၅၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စိန်ဟုယူဆရသော အဖြူရောင်ကျောက် (၁) မျိုးနှင့် လုပ်ငန်းသုံးပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၁၆၃,၈၆၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၆,၈၅၁,၇၁၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် (၁၂၄ ဒသမ ၄၄၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၇၄,၉၄၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဟင်္သာတခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီးနှင့် မော်တော်ဆိုင်ကယ် (၁၀) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၆၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၄၇၄,၉၄၆) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရေခဲစက်လမ်းထိပ်ရှိ ဒေသငါးဖမ်းလှေဆိပ်တွင် စုပုံထားသည့် အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၄)မျိုး၊ စားသောက်ကုန်ပစ္စည်း (၁) မျိုး၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၇၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူး ဥာဏကျေးရွာရှိ သိုလှောင်ရုံ(၁)ခုအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၄၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၂၅၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်း - မန္တလေးလမ်း၊ မြစ်ငယ်တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၇) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၇) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၆,၁၃၈,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Tractor Head (၂) စီး၊ Dong Feng Tractor Head (၂) စီး၊ Howo Tractor Head (၁) စီး၊ Nissan Tractor Head (၁) စီး၊ Chen Long Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၇) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြစ်ငယ် Dry Port ၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁၈ ဒသမ ၉၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၃၃၃,၄၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် KIA Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၈၁,၇၂၆,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောင်ပန်းမြို့၊ လွယ်မွန်းကျေးရွာ အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၂) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၉၄၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Hino Profia Truck (၂) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀,၉၄၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၀၇,၁၉၇,၀၅၆) ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် နိုင်ငံတော်မှ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသော ခနောက်စိမ်းသတ္တုများ ဖမ်းဆီးရမိခဲ့သည့်အပြင် တရားမဝင် တင်သွင်းမှုများကြောင့်လည်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝမရရှိဘဲ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်သွယ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သတင်းရရှိသည်။
သတင်းစဉ်