နေပြည်တော်၊ မတ်လ ၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် သရက်ခရိုင်၊ ကံမမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ တရားမဝင် အခြားသစ် (၅ ဒသမ ၄၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၄,၆၂၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မင်းလှမြို့၊ သင်ပုန်းပင်ကားလမ်းကွေ့အနီး၌ တရားမဝင် သယ်ဆောင်လာသည့် နွားထီး (၂၄)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၀၀၀,၀၀၀)ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၂၄,၆၂၆)ကိုဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် (၅၉ ဒသမ ၈၅၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၄၁,၅၇၂)ကို လည်းကောင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ် (၉၂ ဒသမ ၀၂၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၁၉၉,၃၈၂)ကိုလည်းကောင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ၌တရားမဝင်အခြားသစ် (၂ ဒသမ ၆၀၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃,၅၈၁)ကိုလည်းကောင်း၊  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၄၀၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၄၈၇)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၈၄၂,၀၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့၊ ရွှေဗျိုင်းကားဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ ဂုံနိအိတ်မျိုးစုံ (၃၀၀)ထုပ်၊ ပီနံအိတ် (၄၉)ထုပ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၆၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၆၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေး ရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့မှ မောင်းနှင်လာသော (၁)စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Rubber Slipper ဖိနပ်ကုန်ကြမ်းပစ္စည်း (၁၇၅၀)ကီလိုဂရမ်၊ Scott Paint Thinner ဟု ယူဆရသော အရည် (၆၀၀၀)ကီလိုဂရမ်၊ စက်မှုကုန်ကြမ်းဘေထုပ် (၅၆၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၈၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း၌ တရားမဝင် ကျွန်းသစ် (၁၀ ဒသမ ၃၂၉) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၅၄၅,၆၄၈)ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ်လ ၁ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်များအတွင်း၌ တရားမဝင် ကျွန်းသစ်(၅ ဒသမ ၈၉၇)တန်၊ သစ်မာ(၁၁.၈၇၉)တန်၊ အခြားသစ်(၂၂ ဒသမ ၆၆၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၁၉၈,၈၈၆)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂,၆၁၉,၅၃၄)ကို ဖမ်းဆီးအရေး ယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နှင့် မတ် ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂,၆၀၆,၁၈၂)ဖြစ်ကြောင်းမှ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)