ရန်ကုန် ဇူလိုင် ၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ လျှပ်စစ်ရုံးများသို့ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မီတာယူနစ်များအား စနစ်တကျမှန်ကန်စွာဖတ်ရှု၍ မှတ်တမ်းရေးသွင်းရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရေး၊ စီးပွားရေးလုပ်ငန်းများ သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရရှိရေး၊ မီတာချို့ယွင်းမှုများ တွေ့ရှိပါက သတ်မှတ်ထားသည့် လျှပ်စစ်ပုံစံတွင် စနစ်တကျရေးသွင်း၍ တာဝန်ရှိသူ အဆင့်ဆင့်ထံတင်ပြရေး၊ မီတာယူနစ်ဖတ်ချက်များ မှန်ကန်ကြောင်း မီးသုံးသူမှ အတည်ပြု လက်မှတ်ရေးထိုးရေးတို့ကို အသေးစိတ်မှာကြားပြီး မြို့နယ်များတွင် ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ ဇွန်လအတွက် မီတာဖတ်ရှုနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - YESC
သစ္စာ(mna)


