နေပြည်တော် မေ ၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့မှ ဒုရဲမှူး ဦးဆောင်သော အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မေတ္တာလမ်းအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Toyota Harrier မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Vacuum Cup (၉၅)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မေ ၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်တွင် တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Used Tyres (၅၀)လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mistubishi Fuso မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၃ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က သံလွင်တံတား(မော်လမြိုင်)ဘက်ခြမ်း၌ စုပုံထားသော ယိုးဒယား နိုင်ငံထုတ် စားသုံးဆီများအား မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်နှစ်ကောင် အဆင့်မြင့်စားအုန်းဆီ (၉၆၀)လီတာအပါအဝင် စားသုံးဆီ(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၂၆၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက မေ ၃ ရက်တွင် တောင်ငူခရိုင် အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်(၂၈ ဒသမ ၄၆၅)တန်နှင့် သစ်မာ (၄ ဒသမ ၀၈၂၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၁၉၃,၁၇၈)ကိုလည်းကောင်း၊ မေ ၄ ရက်တွင် ပဲခူးခရိုင်နှင့်တောင်ငူခရိုင်အတွင်း စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်(၁၄ ဒသမ ၈၁၃) တန်နှင့် သစ်မာ(၃.၇၆၀၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၇၉,၉၃၂)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၃၇၃,၁၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁ ရက်၊ ၃ ရက်နှင့် ၄ ရက် တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃,၁၃၈,၁၁၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်