၁၆ စက်တင်ဘာ

လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းလွန်ရှိ ရော်ဘာလှေ သုံးစင်းပေါ်တွင်  တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၀ဝ ဦးကို ယမန်နေ့က လစ်ဗျားရေတပ်က ကယ်တင်ခဲ့ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အနောက်မြောက်ဘက် ရော်ဘာလှေသုံးစင်းပေါ်ရှိ ရွှေ့ပြောင်းနေထိုင်သူ ၃၀ဝ ဦး ကို ကမ်းခြေစောင့် ကင်းလှည့်တပ်ဖွဲ့ က ကယ်ဆယ်ခဲ့ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ အာယွဘ် ကာဆမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသို့ကယ်တင်ခံရွှေ့ပြောင်းနေထိုင်သူများသည် အမျိုးသမီးများ နှင့် ကလေးများပါဝင်သည့် အာဖရိက လူမျိုးများဖြစ်ကြောင်း ကာဆမ် က ပြောကြားခဲ့သည်။

တရားမဝင် တိုက်ဖျက်ရေး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကြိုဆိုလက်ခံရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ကာဆမ်က ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို