တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့ ဗန်းမော်မြို့နယ်တွင် ဖမ်းဆီးရမိ

နေပြည်တော် ၂၈ ဖေဖော်ဝါရီ

နယ်မြေခံတပ်မှ တပ်မတော်တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲက ဗန်းမော်မြို့နယ် မိုင်းစိမ်းဒေသတွင် တရုတ်နိုင်ငံသား (၃)ဦးနှင့် မြန်မာနိုင်ငံသား (၃)ဦးပါဝင်သော တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့အား တရားမဝင်ကျွန်းသစ်လုံး/ ခွဲသား တန် (၅၀) ကျော်၊ သစ်စက်၊ဆက်စပ်စ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ မံစီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ကိုမျိုး

 

mdn