နေပြည်တော် မတ် ၁
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၃ နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြား သည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ (၁၁)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်း ကာလမှာဇန်နဝါရီ ၁ ရက်မှဖေဖော်ဝါရီ ၂၉ ရက်အထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းသို့ ခရိုင်တရားသူကြီး၊ တွဲဘက်ခရိုင်တရားသူကြီးနှင့် ဒုတိယ ညွှန်ကြားရေးမှူးအဆင့်ရှိ တရားသူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)