သံတွဲ ၇ ဒီဇင်ဘာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ရခိုင်ပြည်နယ်တရားလွှတ်တော် USAID-PRLM တို့က ကြီးမှူးကျင်းပသည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် တရားရုံးများ စစ်တမ်းကောက်ယူခြင်းနှင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီက သံတွဲခရိုင်တရားရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားရေးဦးစီးမှူး ဦးထိန်မင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးအောင်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
သင်တန်းသို့ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းရှိ ခရိုင်တရားသူကြီး ၊ ဒုခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများ ၊ စာရေးဝန်ထမ်းများ စုစုပေါင်း ၂၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်နေ့ထိ လေးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သံတွဲခရိုင်တရားရုံးမှ သိရသည်။
သန့်ဇင် ( ခရိုင်ပြန်/ဆက်)