mdn

ရန်ကုန်  ၁၃  စက်တင်ဘာ 

 

''သီချင်းသုံးပုဒ်'' ထွက်ရှိတဲ့ အဆိုတော် တေးသံရှင်"ဝန"က ပရိသတ်အား  ချော့သည့်အနေဖြင့် ဒုတိယမြောက် Mini Album အဖြစ် သီချင်းသုံးပုဒ်ကို တေးသံရှင်"ဝန"သီဆိုဖြန့်ချီထားပြီး ဖြစ်ကြောင်း ''သီချင်းသုံးပုဒ်'' တေး အယ်လ်ဘမ် ကို စက်တင်ဘာ ၁၀ ရက်တွင် Horus Entertainment မှ ထွက်ရှိခဲ့ကြောင်း ကို စက်တက်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ချမ်းသာလမ်းနှင့်ရှင်စောပုလမ်းထောင့်ရှိ Old Skool Bar & Restarunt ၌ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနား တွင်တေးသံရှင် "ဝန"က ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

  ''ကျွန်တော်ရဲ့ ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ Mini Album လေးပါပဲဆိုတော့ ဒီကနေ့      စက်တင်ဘာ ၁၂ ရက်နေ့ဖြန့်တဲ့ ဒီသီချင်း ၃ ပုဒ်လုံးကို တေးရေး နိုင်လေးက ရေးပေးထားတာပါ  ၃ ပုဒ်တည်းဆိုပေမဲ့ စိတ်ကြိုက်ဆို၊စိတ်ကြိုက်   ဖန်တီးထားတာဆိုတော့ နည်းနည်းအချိန်တော့ပေးရပါတယ်   Ban ကတော့ Horzon ပါ   အခွေက မထွက်တာအတော်လေးကြာသွားပြီ ဆိုတော့ ပရိတ်သတ်ကိုချော့တဲ့အနေနဲ့ ပရိသတ် စိတ်ဆိုးပြေအောင် သီချင်းတစ်ပုဒ် နှစ်ပုဒ်လောက် Single Sound အွန်လိုင်းမှာ တင်လိုက်ပေါ့လို့ အဲသလိုပြောတာနဲ့ အဲဒါဆိုလည်းကျွန်တော်က အခွေပဲလုပ်လိုက်မယ် Mini Album လေးလုပ်လိုက်မယ်ဆိုပြီး လုပ်ဖြစ်တာပါ''ဟု  တေးသံရှင် "ဝန"ကပြောသည်။

 

အဆိုပါ သီချင်းခွေတွင် '' စစ်ပြေး'' နှင့် "သာတယ်နာတယ်မလိုဘူး"နှင့် "ဒဏ်ရာဆို ဝင်မလာနဲ့"နှင့် တေးသီချင်းများကို တေးရေးဆရာ နိုင်လေးကပဲ ရေးသားပေးထားပြီး ရော့ခ်ဂီတအမျိုးအစားများထည့် သွင်းထား ကြောင်းသိရသည်။တေးသံရှင် ဝန သည် "တရားသဖြင့်" single Album အား  နှစ်ကုန်တွင် ထွက်ရှိ ရန်ပြင်ဆင်နေကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း
ဓာတ်ပုံ-အေးကြည်မ