နေပြည်တော် ဒီဇင်ဘာ ၃
အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy, Bhopal India)တွင်၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက် မှ ၈ ရက်အထိ ဖွင့်လှစ်မည့် “တရားသူကြီး များနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအစီအစဉ်” သို့ တက်ရောက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ များနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါ၀င်သည့် သင်တန်းသား (၄၀)သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ သင်တန်းသားများသည် သင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံ တရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံး စီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်းပညာ၊ တရားမနှင့် ရာဇဝတ်ဥပဒေများ၊ ဥပဒေရေးရာ ဆေးပညာ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမမှုစစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူခွင့် ရရှိကြမည့်အပြင်၊ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ ဆေးသုတေသနတက္ကသိုလ်၊ ခရိုင်တရားရုံးနှင့် ဗဟိုအကျဉ်းထောင်တို့ကို သွားရောက် လေ့လာခွင့်ရရှိမည်ဖြစ်သည်။
ယင်းသင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသား တရားစီရင်ရေးအကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှ တရားသူကြီး များနှင့် တရားရေးအရာရှိများကို အိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင် ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ အရစေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)