ရန်ကုန် ဇွန် ၄

 

တရုတ် - အာဆီယံ ဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇွန် ၄ ရက်က တရုတ် နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ ပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၄ ရက် အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်းကျင်းပရာ မြန်မာ ပိုက်ကျော်ခြင်းအသင်းသည် ယင်းလေးမျိုးစလုံး ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတွင် ကြေး တံဆိပ်ဆု၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။

 

အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ တွင် မြန်မာအသင်းက ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင် ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ် အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်း နှင့် ပြန်လည်တွေ့ဆုံရာ ၂-၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ ခြင်းဖြစ်သည်။ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်း သည် အုပ်စုပွဲစဉ်၌ မလေးရှားအသင်း ကို နှစ်ပွဲပြတ်၊ ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ် တွင် အိမ်ရှင် တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်ဖြင့် နှစ်ပွဲ ပြတ် အနိုင်ရရှိပြီး ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့် ပြန်လည် တွေ့ဆုံခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာ အသင်းသည် ပထမပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်သော် လည်း ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အလင်းအိမ်

ဓာတ်ပုံ - MSTAF