တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ် စတဲ့ ဘာသာစကား သင်တန်းများကို အွန်လိုင်းတွင် လျှောက်ထားနိုင်

ရန်ကုန် ၁၂ ဒီဇင်ဘာ

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန (ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်) တွင် အခြေခံ (၁) (Basic I) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာ သင်တန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလပိုင်းမှစ၍ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အွန်လိုင်းတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

သတ်မှတ်ပုံစံများ ပြည့်စုံပါက လျှောက်လွှာများကို ဒီဇင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းကြေးကိုမူ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လက်ခံသွားမည်ဖြစ်သည်။

သင်တန်းကာလမှာ အင်္ဂလိပ်ဘာသာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ မတ် ၉ ရက်အထိ၊ ကျန်ဘာသာများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ သြဂုတ် ၃ ရက်အထိ သတ်မှတ်ပြီး သင်တန်းချိန်များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် ညနေ ၅ နာရီ မိနစ် ၂၀ မှ ည ၇ နာရီခွဲထိ လည်းကောင်း၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာ သင်တန်းချိန်များကို ရွေးချယ် တက်ရောက်နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို  ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဖုန်း- ဝ၁ ၅၁၅၂၃၆၊ ဝ၁ ၅၃၅၉၈၅ နှင့် Yangon University of Foreign Languages ဝက်ဘ်ဆိုဒ်တို့တွင် စုံစမ်းသိရှိနိုင်သည်။

MDN