တရုတ် အရှေ့မြောက်ပိုင်း လေဆင်နှာမောင်းတိုက်ခတ် ခြောက်ဦးသေဆုံး၊ ၁၂၀ ကျော် ဒဏ်ရာရ

၄ ဇူလိုင်

 


တရုတ်နိုင်ငံအရှေ့မြောက်ဘက်  Liaoning ပြည်နယ်ရှိ မြို့တစ်မြို့ကို လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး လူဦးရေ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


Liaoning  ပြည်နယ် Kaiyuan တွင်  ယမန်နေ့မွန်းလွဲပိုင်းက လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ပုံကို နိုင်ငံပိုင်ရုပ်သံဌာနက သတင်းဖော်ပြထားသည်။

 


လေဆင်နှာမောင်း ပြင်းထန်စွာတိုက်ခတ်နေသဖြင့် အဆောက်အဦးများ၏ အပြင်နံရံများ၊ လေထုထဲရှိ အခြားပစ္စည်းများနှင့်  ပြတင်းမှန်များကွဲကြေပုံတို့ကို ရုပ်သံဗွီဒီယိုဖိုင်တွင် ပြသထားသည်။

 


တစ်စုံတစ်ယောက်က ကားလွင့်စင်သွားသည်ဟု အော်ဟစ်ခဲ့သည်။

 


ထိုလေဆင်နှာမောင်းတိုက်ခတ်မှုမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။

 


လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အပျက်အစီး အတိုင်းအတာပမာဏအပါအဝင် နောက်ထပ်အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း  သိရသည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို