၁၈ ဇွန်
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ယမန်နေ့နှောင်းပိုင်းက ပြင်းအား (၆ ဒသမ ဝ) ပမာဏရှိ အားကောင်းသည့် ငလျင် လှုပ်ခတ်ခဲ့သောကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက ထိုငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူများကို ပိုက်စိပ်တိုက်ရှာဖွေရေး လုပ်ငန်းဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။
ပြင်းအား (၅ ဒသမ ဝ) ပမာဏ ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအား (၆ ဒသမ ဝ) ပမာဏ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ငလျင်တိုင်းတာရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ၁၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များက ဆိုသည်။
ကနဦး ငလျင်သည် ယီဘင်မြို့အနီးတွင် ဗဟိုချက်အဖြစ်လှုပ်ခတ်ခဲ့ပြီး ခန့်မှန်းတွက်ချက်မှုအရ အနက် ၁၆ ကီလိုမီတာ ရှိကြောင်းသိရသည်။
စီချွမ်ပြည်နယ်ကို ငလျင်လှုပ်ခတ်လေ့ရှိသည့် ဒေသအဖြစ် သိကြပြီး ၂၀ဝ၈ ခုနှစ် က အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူပေါင်း ၈၇၀ဝ၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို