ဟိုးဟော့၊ ဖေဖော်ဝါရီ ၂၀
ရှားပါးနို့တိုက်သတ္တဝါများအတွက် သဘာဝပတ်ဝန်းကျင်ကို မြှင့်တင်ကာကွယ်ပေးခြင်းဖြင့် တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မွန်ဂိုလီးယားတောရိုင်း မြည်းတစ်အုပ်ကို ကင်းလှည့်သူများက မကြာသေးမီက တွေ့ရှိ ခဲ့ကြသည်။
အူရတ်ဘက် ဘန်နာ၏ သစ်တောနှင့် မြက်ခင်းပြင် အုပ်ချုပ်ရေးအဖွဲ့၏ အဆိုအရ ယခုလအစောပိုင်းတွင် အဆိုပါ မြည်းရှစ်ကောင်ကို တရုတ် - မွန်ဂိုလီးယားနယ်စပ်အနီး အူရတ် သဘာဝဘေးမဲ့တောတွင် မြင်တွေ့ခဲ့ရသည်။
ရှားရှားပါးပါး စားကျက်ကို နေ့တိုင်းထွက်လာသည့် ယင်းမြည်းရိုင်းများကို ၎င်းတို့ တွေ့ခဲ့ရကြောင်း၊ ၎င်းတို့ကို မကြောက်ရန် အဝေးကနေ စောင့်ကြည့်ပြီး မြက်ပင်များချထားပေးခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဘာတုက ပြောသည်။
ဆင်ဟွာ