နေပြည်တော် ဧပြီ၂၂
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသော Air China Cagro လေယာဉ်သည် အဋ္ဌမအကြိမ်အဖြစ် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိသည်။
အဆိုပါလေယာဉ်ဖြင့် ဆေးဝါးများ ၃၇၉၀၃ Kg ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ကျန်းမာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှCounsellor ဖြစ်သူ Mr.Ouyang Daobing နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr.Ouyang Daobing က လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကလက်ခံရယူ သည်။
အဆိုပါ ရောက်ရှိလာသည့်ပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီးငလျင် ဒဏ်သင့်ဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်