၅ ဇွန်
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ တရုတ်-ရုရှားနဲ့ ဆွေမျိုးပေါက်ဖော်ဆံဆက်ရေးခိုင်မာစေရန်နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် သွားရောက်တာ ဖြစ်ပါတယ်။
သမ္မတရှီရဲ့ ခရီးစဉ်အတွင်းမှာ ရုရှားဂုဏ်ပြုမှု အပြည့်အဝရရှိမှာဖြစ်ပါတယ်။ ကရင်မလင်နန်းတော်မှာ ညနေစာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပြီး ညပိုင်းမှာတော့ ဗော်ရှာကပွဲရုံကို သွားရောက်မယ်လို့ သိရပါတယ်။
မြို့တော်ဟောင်း စိန့်ပီတာဘတ်မြို့မှာ ကြာသပတေးနဲ့ သောကြာနေ့တွေ မှာ ကျင်းပမယ့် စီးပွားရေးဖိုရမ်ကိုလည်း သမ္မတရှီ တက်ရောက်မယ်လို့ သိရပါတယ်။
ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်နဲ့ နည်းဗျူးဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရှီနဲ့ ပူတင် လက်မှတ်ရေးဖို့ ရှိနေပါတယ်။
ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားဖက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံ အထိကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။
ရုရှားဟာ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲအပြီး အခြေအနေမှာရှိနေပြီး တရုတ်နိုင်ငံကတော့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်အတွင်းမှာ ပိတ်မိနေတဲ့အခြေအနေမှာ ရှိနေပါတယ်။
MDN
ကိုးကား - AFP