တရုတ်အနောက်တောင်ပိုင်း၌ မိုးရွာသွန်းမှုများကြောင့်  ကိုးဦးသေ၊ ၃၅ ဦး ပျောက်ဆုံး

၂၂ သြဂုတ်

တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ် ချောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဘာတိဗက်ဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုမှုများကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင်  ပြောကြားခဲ့သည်။ 

 

s3

 

ဗုဒ္ဓဟူးနေ့ညက လူပေါင်း ၃၅ ဦး ပျောက်ဆုံးခဲ့ကြောင်း အာဘာ၏ အရေးပေါ်စီမံခန့်ခွဲရေးဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

 

s2

 

အင်္ဂါနေ့ညက မိုးသည်းထန်စွာရွာသွန်းပြီးနောက်ပိုင်း ပျောက်ဆုံးနေသူများနှင့် ပိတ်မိနေသည့် လူများကို ကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးလုပ်သား ၁၆၃၀ ကို စေလွှတ်ခဲ့၍ ကယ်ဆယ်မှုများ ပြုလုပ်စေခဲ့သည်။ 

မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဝူချန်ကောင်တီအတွင်း နေထိုင်သူများ မြေပြိုမှုများကို ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်ခံစားခဲ့ရသည်။  လူပေါင်း ၁၀ဝ၀ဝ၀ကျော်မှာ အရေးပေါ်ကယ်ဆယ်ရေးနှင့် ရွေ့ပြောင်းရန် လိုအပ်လျက်ရှိသည်။ 

အကြီးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၂၀ နှင့်  ရေလှောင်ကန် နှစ်ခုနှင့်ဆည်များ အိမ်ပေါင်း ၉၀ဝ၊ တံတားများနှင့်လမ်းများမှာ မိုးရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်။

လူပေါင်း ၅၈၀ဝ၀ကျော်မှာ သောက်သုံးရေ ရရှိရန် ခဲယဉ်းလျက်ရှိပြီး ၁၁၅ကီလိုမီတာ ရှည်လျားသည့် သောက်သုံးရေပိုက်လိုင်းမှာလည်း ပျက်စီးလျက်ရှိသည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်