mdn

ပေကျင်း ၈ ဖေဖော်ဝါရီ  

 

တရုတ်နိုင်ငံကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသစ်တစ်မျိုးကို နိုင်ငံအတွင်း အသုံးပြုရန် ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နိုင်ငံအတွင်း အသုံးပြုရန် ဒုတိယမြောက်အတည်ပြုပေးခဲ့သည့်ကာကွယ်ဆေး ဖြစ်လာခဲ့သည်။ Sinovac Biotech ဆေးဝါးကုမ္ပဏီက ၎င်းတို့၏ ကာကွယ်ဆေးကို လက်တွေ့ စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရလဒ်ထွက်ပေါ်မှုများအပေါ် အစီရင်ခံစာများတင်သွင်း ခဲ့ရာ တရုတ်ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အဆိုပါကာကွယ်ဆေးကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယမြောက်အသုံးပြုရန် ခွင့်ပြုလိုက်သည့် အဆိုပါကာကွယ်ဆေးကို နိုင်ငံအတွင်းရှိ ရောဂါ ပြင်းထန်စွာ ခံစားရသည့် လူနာများအား ထိုးနှံပေးလျက်ရှိသည့်အပြင် အင်ဒိုနီးရှား၊ တူရကီနှင့် ဘရာဇီးနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများတွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၃ ရက်အထိကာကွယ်ဆေးထိုးနှံပြီးသူ ၃၁သန်းကျော်ရှိပြီဖြစ် ကြောင်းနှင့် sinopharm ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးခြင်းဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အောင်ကျော်ကျော်