တရုတ်ဈေးကွက်များ ဖွင့်လှစ်ရန် ဉရောပသမဂ္ဂခေါင်းဆောင်များ တိုက်တွန်းပြောကြား

၂၃ ဇွန် 

 

ဉရောပသမဂ္ဂ ခေါင်းဆောင်များက နိုင်ငံပိုင်ကုမ္ပဏီများအား ထောက်ပံ့မှုများကို ကန့်သတ်ရန်နှင့် ၎င်းတို့၏ဈေးကွက်များ ဖွင့်လှစ်ရန် တရုတ်နိုင်ငံအား တောင်းဆိုခဲ့သည်။ 

 

ဉရောပကောင်စီ ဉက္ကဌ ချားလ်စ် မိုက်ကယ်၊ ဉရောပကော်မရှင် ဉက္ကဌ ဗွန်ဒါလီယန်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ ပါဝင်သော ဇွန် ၂၂ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်းကွန်ဖရင့်တွင် ယခုကဲ့သို့ တောင်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 

ကမ္ဘာ့စီးပွားရေး ပြန်လည်တည်ဆောက်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုနီးကပ်စွာ လုပ်ဆောင်သွားရန် လိုအပ်သည်ကို ၎င်းတို့ သဘောတူညီခဲ့ကြသည်။ 

 

နိုင်ငံတော်မှ ထောက်ပံ့သော တရုတ်ကုမ္ပဏီများသည် အုပ်စုထဲသို့ ဝင်ရောက်လာပြီး ဈေးကွက်များ ပုံပျက်သွားမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဉရောပသမဂ္ဂက ထုတ်ဖော်ပြောကြားသည်။

 

ပေကျင်းသည် ၎င်းတို့၏ဈေးကွက်များအတွင်းသို့ အပြည့်အဝဝင်ရောက်ခြင်းကို ခွင့်မပြုဟုလည်း ၎င်းက ဆိုသည်။ 

 

ထိုဆွေးနွေးပွဲတွင် ပိုမိုအပြန်အလှန် အသိအမှတ်ပြုမှုနှင့် ယှဉ်ပြိုင်မှုတို့ထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည်ဟု လီက ပြောဆိုကြောင်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို