နမ္မတူ ဇူလိုင် ၂၅
တရုတ်လူမှုကူညီရေးအသင်းမှ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံများနှင့် RDT Test Kit များ ပေးအပ်လှူဒါန်းခြင်းကို ဇူလိုင်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် တရုတ်လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံ (၁၂၀)စုံနှင့် RDT Test Kit (၁၅၀)ခုတို့အားပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)



