တရုတ်နိုင်ငံ အလယ်ပိုင်းမှာ သက်တမ်းပေါင်း ၉၀ဝဝ ခန့်ရှိတဲ့ ရေတွင်းတွေ ရှာဖွေတွေ့ရှိ

ဘေကျင်း  ၉  ဖေဖော်ဝါရီ

 

ရှေးဟောင်း ယဉ်ကျေးမှု လေ့လာရေး ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနမ်ပြည်နယ်မှာ နှစ်ပေါင်း ၉၀ဝဝ ခန့်ရှိပြီဖြစ်တဲ့ ရေတွင်း ခြောက်တွင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆင်ဟွာသတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

 

ရှီပင်းစီရင်စုမှာ တွေ့ရတဲ့ ရေတွင်းတွေဟာ တရုတ်မှာ ရှာဖွေတွေ့ရှိခဲ့သမျှ ရှေးအကျဆုံးဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှု လေ့လာရေးသုတေသန အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဝေရှင်တိုက ပြောပါတယ်။ တွေ့ရှိတဲ့ ရေတွင်းတွေဟာ နီယိုလီသစ်ခေတ်နှောင်းပိုင်း နှစ်ပေါင်း ၆၀ဝဝ ကနေ ၇၀ဝဝ ခန့်က ယန်စီမြစ်ကြောင်း တစ်လျှောက်မှာ ရှိခဲ့တဲ့ ရေတွင်းတွေဖြစ်မယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။

 

အဆိုပါ ရေတွင်းတွေထဲက လက်ရာမြောက် ရေခပ်မြေအိုး ငါးလုံးကိုလည်း တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ရေအိုးတွေဟာ ကြိုးနဲ့ချည်ပြီး ရေဆွဲခပ်လို့ရတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ ရေတွင်းတွေဟာ ၅ ဒသမ ၂ မီတာနက်ပြီး လှေကားထစ် အချို့လည်း ပါရှိပါတယ်။

 

ရေတွင်းတွေကို ဘာကြောင့် ဒီနေရာမှာ ဘာအတွက် အသုံးပြုဖို့ တူးဖော်ခဲ့ကြသလဲ စတဲ့ရေတွင်းတွေနဲ့ ဆက်စပ်တဲ့အခြား လေ့လာမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ဝေက ပြောကြားခဲ့ပါတယ်။

 

(MDN)

ကိုးကား-ဆင်ဟွာ