ပေကျင်း၊ စက်တင်ဘာ ၂၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ပန်ကျိုးမြို့၌ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျောက်မီးသွေးတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ ၁၆ ဦးရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါ ကျောက်မီးသွေးတွင်းမီးလောင်မှုသည် စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကျောက်မီးသွေးတွင်း မီးလောင်မှုတွင် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ပိတ်မိနေခဲ့သူ ၁၆ ဦး ရှိကြောင်းလည်း ကနဦးစုံစမ်း စစ်ဆေးမှုများအရ သိရသည်။
လက်ရှိအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်းအား မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်