စက်တင်ဘာ ၆
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် လူဒင်ဒေသတွင် ပြင်းအား ၆ ဒသမ ၈ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၅ ဦးရှိလာကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ဂမ်ဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ၃၇ ဦးနှင့် ရာအန်မြို့ ရှီမီရန်ဒေသတွင် ၂၈ ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။
ဂမ်ဇီတွင် ယနေ့မနက် ၇ နာရီအထိ ဒဏ်ရာပြင်းထန်စွာရရှိသူ ၅၆ ဦး အပါအဝင် ၁၇၀ ဒဏ်ရာရရှိခဲ့ပြီး ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှီမီရန်ဒေသတွင် ယနေ့မနက် ၅ နာရီ ၅၀ မိနစ်အချိန်အထိ ဒဏ်ရာရရှိသူ ၇၈ ဦး ရှိကြောင်း ဖော်ပြထားသည်။
ထိုငလျင်သည် စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို