၁၀ စက်တင်ဘာ

 

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သံသယရှိလူနာများ၊ ရောဂါကူးစက်မှုအတည်ပြု လူနာများ ထပ်မံတွေ့ရှိခြင်း မရှိကြောင်း ထိုပြည်နယ်ကျန်းမာရေးကော်မရှင် က ယနေ့ ပြောကြားခဲ့သည်။

 

ရောဂါကူးစက်သူနှင့်အနီးကပ်ထိတွေ့မှုရှိသူ သုံးဦးကို သီးသန့်ထားရှိသည့်နေရာမှ ပြန်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း ယင်းပြည်နယ်က ယမန်နေ့က ရှင်းလင်းပြောကြားသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာများအားလုံးကို ဆေးရုံများမှ ဆင်းခွင့်ပြုခဲ့သည်။

 

ထိုပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၈၁၃၉ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

၎င်းတို့အနက် ၆၃၆၂၇ ဦး မှာ ရောဂါပိုးကင်းစင်လာသဖြင့် ဆေးရုံများမှာ ဆင်းခွင့်ပြုပြီးဖြစ်သည်။

 

ယင်းပြည်နယ်တွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၅၁၂ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို