၈ ဇွန်

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပွားသဖြင့် ဒေသခံ ၉၃၅၀ဝ ကျော်  စိုးရိမ်မှုများ ဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေကြောင်း ဒေသန္တရ အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

မေလ နှောင်းပိုင်းစတင်ခဲ့သည့် သည်းထန်စွာ ရွာသောမိုးကြောင့် ပြည်နယ်နှင့်ခရိုင် ၂၀ ကျော်တွင် ရေကြီးမှုများ ဖြစ်ပေါ်သဖြင့် လူ ၃၂၀၅ ဦး ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည်။

 

အဆိုပါ ရေကြီးမှုကြောင့် စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံ အဆောက်အဦများလည်း ပျက်စီးခဲ့သည်ဟု ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေး ဌာနချုပ်၏ ပြောကြားချက်အရ သိရသည်။

 

ယနေ့မနက် ၁၀ နာရီတွင် ဟူနန်ပြည်နယ်ရှိ အလယ်အလတ် ရေလှောင်ကန် လေးခု၏ ရေမျက်နှာပြင်များသည် ရေကြီးမှုဆိုင်ရာ ကန့်သတ်ချက်များထက် ကျော်လွန်သွားသည်။

 

လာမည့် သီတင်းပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသအာဏာပိုင်များက ခန့်မှန်းထားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို