တရုတ်နိုင်ငံ ချောင်ချွန်း၌ မီးလောင်မှုဖြစ်ပွား ၁၇ ဦး သေဆုံး

 

ချောင်ချွန်း   စက်တင်ဘာ   ၂၉

 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်၏ မြို့တော်ချောင်ချွန်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ မီးလောင်မှု ဖြစ်ပွားရာ  ၁၇ ဦး  သေဆုံးပြီး  အခြားသုံးဦး ထိခိုက်ဒဏ်ရာ   ရရှိခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ဒေသ အာဏာပိုင်များက ပြောသည်။

 

ဒေသဆိုင်ရာ  မီးသတ်တပ်ဖွဲ့သည် ချောင်ချွန်းရှိ နည်းပညာမြင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်၌ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ  မိနစ်  ၄၀ တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် ကူညီကယ်ဆယ်မှု ပြုလုပ်ရန်   အခင်းဖြစ်ပွားရာသို့   အလျင်အမြန် သွားရောက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေ ၃ နာရီတွင် အခင်းဖြစ်ပွားရာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အဆုံးသတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများသည် နယ်မြေခံဆေးရုံ တစ်ရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် အခင်းဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ