လွယ်ဂျယ်   ၂၂   ဧပြီ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လုံချွမ်ခရိုင်မှ မြန်မာနိုင်ငံသို့ နေရပ်ပြန်ဝင်ရောက်လာသူများအား ဧပြီ ၁၆ ရက်မှ စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၁ ရက်အထိ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂၀၁၀ အထိ ရှိလာပြီး တဖြည်းဖြည်း ဝင်ရောက်လာသူဦးရေ လျော့နည်းသွားကြောင်း သိရသည်။

ဧပြီ ၂၁ ရက်တွင် မြစ်ကြီးနားမြို့နယ်သို့ နေရပ်ပြန်ရှစ်ဦး၊ ဝိုင်းမော်မြို့နယ်မှ နေရပ်ပြန်တစ်ဦး၊ မိုးကောင်း မြို့နယ်မှ ၁၇ ဦး၊ မိုးညှင်းမြို့နယ်မှ နှစ်ဦး၊ ဖားကန့်မြို့နယ်မှ သုံးဦးနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော် မြို့နယ်မှ နေရပ်ပြန် ၆၄ ဦး၊ မိုးမောက် မြို့နယ်မှ ၇၈ ဦး၊ ရွှေကူမြို့နယ်မှ နေရပ်ပြန် ၁၁ ဦး၊ မန်စီမြို့နယ်မှ လေးဦးတို့အား မော်တော်ယာဉ် ၂ဝ ဖြင့် ဗန်းမော်ခရိုင်အတွင်း မြို့နယ် များရှိ နေရပ်ပြန်များအား မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာရှိ စုရပ်စခန်းသို့ လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်သို့ နေရပ်ပြန်များအား မြစ်ကြီးနား စီတာပူကုန်ချစခန်း စုရပ်သို့လည်းကောင်း ပို့ဆောင်ပေးလျက်ရှိသည်။ ။

၎င်းတို့အပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် သတ်မှတ်နေရာ အဆောက်အအုံများတွင်ထားရှိပြီး အသွားအလာကန့်သတ် နေရာတွင် အမျိုးသား ၁၆၉ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၂၉ ဦး တို့ကို စောင့်ကြည့်ရေးကာလ ၂၁ ရက် ထားရှိပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက် ရှိသည်။

တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုများအရ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သံသယရောဂါလက္ခဏာပြသူတစ်ဦး တစ်ယောက်မျှ မတွေ့ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)