တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင်  မောင်းသူမဲ့အငှားယာဉ်များ စတင်ပြေးဆွဲလျက်ရှိ

 

ပေကျင်း၊ မတ် ၂၈

 

တရုတ်နိုင်ငံမြို့တော်ပေကျင်းတွင် မောင်းသူမဲ့ အငှားယာဉ်များ  စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ချိုင်းနားဒေးလီးက ယနေ့ပြောကြားသည်။ မြို့တော်အတွင်း ဘိုင်ဒူးနှင့် ပိုနီဒေါ့အေအိုင် နည်းပညာကုမ္ပဏီများအား မတ်လအစောပိုင်းမှစတင်၍  အဆိုပါ မောင်းသူမဲ့အငှားယာဉ် ပြေးဆွဲခွင့်လိုင်စင် ပေးအပ်ခဲ့သည်။

 

တိုးချဲ့သွားမည်

 

လက်ရှိအစီအစဉ်အရ  ပေကျင်း၏ တောင်ဘက် ရီဇောင်းနယ်မြေတွင် မောင်းသူမဲ့အငှားယာဉ် ၁၀ စီးစီ စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ ဘိုင်ဒူးကုမ္ပဏီသည် ၂၀၂၅ ခုနှစ်အရောက်တွင် ၎င်း၏  မောင်းသူမဲ့ အငှားယာဉ်လုပ်ငန်းကို မြို့တော် ၆၅ မြို့အထိနှင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် မြို့ပေါင်း ၁၀၀ အထိ လုပ်ငန်းတိုးချဲ့သွားမည်ဖြစ်သည်။

 

ပြောကြား

 

လက်ရှိအချိန်တွင် ယာဉ်ကြောဆိုင်ရာအခက်အခဲကြောင့် ပြေးဆွဲနိုင်သည့်ဧရိယာများကို ကန့်သတ် ထားသော်လည်း အနာဂတ်ကာလတွင် မြို့တော်အတွင်း  အဆိုပါယာဉ်များအား နေရာအနှံ့အပြားအထိ  ပြေးဆွဲမည်ဖြစ်ကြောင်း  မော်တော်ယာဉ်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူ Yale Zhang က ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ