ဇန်နဝါရီ ၁

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် ဒီဇင်ဘာ ၁၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဒီဇင်ဘာ ၃၁ ရက်အထိ ကန်စုနှင့် ချင်းဟိုင်ပြည်နယ်တို့တွင် သေဆုံးသူ ၁၅၁ ဦး ရှိလာသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ချင်းဟိုင်ပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းအထိ သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာသည်ဟု ပြည်နယ်ငလျင်ကယ်ဆယ်ရေးဌာနချုပ်က ပြောကြားသည်။

ကန်စုပြည်နယ်တွင်လည်း ထိုငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၇ ဦးရှိကြောင်း ဒေသတွင်းအာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို