နေပြည်တော် မေ ၅

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်မှ ပုဂံမြို့သို့ ထွက်ခွာခဲ့ကြရာ ညောင်ဦးလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 

ယင်းနောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ပုဂံမြို့ ရွှေစည်းခုံစေတီရှိ ချူအင်လိုင်းတန်ဆောင်း၌ ရန်ကုန်မြို့ တရုတ်သံရုံးမှ လူငယ်များနှင့် တွေ့ဆုံခဲ့ကြသည်။

 

ထို့နောက်  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံနေသည့် သဗ္ဗေညု စေတီတော်သို့ သွားရောက်ဖူးမြော် လေ့လာကြည့်ရှုခဲ့ကြပြီး ပုဂံဘုရားများအား မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ည ၉ နာရီ မိနစ် ၅၀ တွင် ညောင်ဦးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

(သတင်းစဉ်)