တရုတ်နိုင်ငံ ပြည်မကြီး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၆၆ ဦး ထပ်မံတွေ့ရှိ

ပေကျင်း  ဧပြီ  ၂၄

တရုတ်နိုင်ငံ ပြည်မကြီး၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၆၆ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် က ယနေ့သတင်းထုတ်ပြန်သည်။

 

အဆိုပါရောဂါထပ်မံတွေ့ရှိသူများအနက် ရှန်ဟိုင်းမြို့၌ ၁၄၀၁ ဦး၊ ကျီလင်မြို့၌ ၆၀၊ ဟီလိုကျန်း မြို့၌ ၂၆ ဦးနှင့် မြို့တော်ပေကျင်း၌ ၂၂ ဦးတို့ အသီးသီးတွေ့ရှိကြောင်း သိရသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၂၆၇၂ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက်  ဆေးရုံများမှ ပြန်လည်  ဆင်းသွားကြသည်။ သို့သော် လူနာ ၂၉၅၃၁ ဦးသည် ဆေးရုံများ၌ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း သိရသည်။

 

 လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၉ ဦး ထပ်မံသေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူများသည် ရှန်ဟိုင်းမြို့မှဖြစ်ကြောင်း  သိရသည်။

 

လက်ရှိအချိန်အထိ တရုတ်နိုင်ငံ အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၀၆၅၄ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၄၇၂၅ ဦးရှိပြီဖြစ်သည်။ ပြန်လည် ကျန်းမာလာသူပေါင်း ၁၆၆၃၉၈ ဦးရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

 ဘာသာပြန်- အောင်ကျော်ကျော်