၂၆ ဇန်နဝါရီ

 

 

တရုတ်နိုင်ငံ ရှန်တုန်ပြည်နယ် ကမ်းခြေရှိ ရွှေတွင်း တစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် ပိတ်မိနေသော လုပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားသည်။

 

 

ဇန်နဝါရီ ၁၀ ရက်က ကီရှန်မြို့ရှိ ရွှေတွင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

 

ထိုပေါက်ကွဲမှုကြောင့် ဉမင်လိုဏ်ခေါင်းများ ပြိုကျပြီး မိုင်းလုပ်သား ၂၂ ဦး ပိတ်မိနေခဲ့သည်။

 

 

ယမန်နေ့က မိုင်းလုပ်သား ၁၁ ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သော်လည်း မိုင်းလုပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ယမန်နေ့က ပြောကြားသည်။

 

 

မိုင်းလုပ်သား တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ရှာဖွေမှု ဆက်လက် လုပ်ဆောင်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

 

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သော မိုင်းလုပ်သား ၁၁ ဦးသည် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူနေသည်။

 

 

အဆိုပါ ရွှေတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို