တရုတ်နိုင်ငံ တောင်ပိုင်း မီးလောင်မှု ဖြစ်ပွားသဖြင့် လူခြောက်ဦး သေဆုံး

၁၈ ဇွန်

 

တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Fangcheng ခရိုင်တွင် ဆောက်လုပ်ဆဲ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် လူခြောက်ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 

ဒေသတွင်း အရေးပေါ် ကယ်ဆယ်ရေးဌာနမှ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများသည် မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ သွားရောက်ပြီး မီးများငြှိမ်းသတ်ခဲ့သည်။

 

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို