ရန်ကုန် ၁၉ ဧပြီ

 

တရုတ်နိုင်ငံ၊ အမျိုးသားကုန်းပြင်မြင့် ယူနန်သစ်သီးဝလံဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အသုံးပြုနိုင်ရန် Mask ၁၃၅၀၀ ပေးအပ်လှူဒါန်းမှုကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ်(၅၀)ရှိ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ၌ ကျင်းပသည်။

 

ထိုသို့ လှူဒါန်းစဉ် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)မှ ဦးဇော်ရဲအောင်က ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ဆောင်ရွက်စဉ် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားပြီး mask ၁၃၅၀၀ အား ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

တရုတ်နိုင်ငံ၊ အမျိုးသားကုန်းပြင်မြင့် ယူနန်သစ်သီးဝလံဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ တရုတ်-မြန်မာသံတမန် ဆက်ဆံရေးထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခါသမယတွင် “ဆွေမျိုးပေါက်ဖော် အေးအတူပူအမျှ လက်တွဲပြီး ကပ်ရောဂါ အတူတိုက်ဖျက်” ဆောင်ပုဒ်ဖြင့် ယခုကဲ့သို့ mask များ လှူဒါန်းမှုမှတစ်ဆင့် တရုတ်-မြန်မာ ချစ်ကြည်ရေး မြှင့်တင်မှုတွင် ပါဝင်ရေး ရည်ရွယ်ချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်