၂၄ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၆၁ ဦးရှိကြောင်း ဒီနေ့(တနင်္လာနေ့) မှာထုတ်ပြန်ကြေညာရာ စုစုပေါင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၆၃ ဦး ရှိကြောင်းသိရပါတယ်။

 

လက်ရှိပမာဏဟာ တရုတ်နိုင်ငံပြင်မှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် သေဆုံးသူ နှစ်ဦးရှိရာ စုစုပေါင်းသေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။

 

သီတင်းတစ်ပတ်အတွင်း ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၀၀ ကျော်ကို ဖြစ်ဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒေဂူးမြို့ရှိ ရှင်ချန်ဂျီးခရစ်ယာန်ဘုရားကျောင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။

 

တောင်ကိုရီးယားသမ္မတ မွန်ဂျီအင်း က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး အမြင့်ဆုံး အဆင့် “အနီရောင်” ရှိပြီလို့ကြေညာပြီး မူကြိုကျောင်းများနဲ့ ကျောင်းများရဲ့ ကျောင်းပိတ်ရက်ကို သီတင်းတစ်ပတ် ပိုပိတ်လိုက်ပြီး တရုတ်နိုင်ငံမှာ ရောက်ရှိလာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားဖို့ စီစဉ်လိုက်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် ဆမ်ဆောင်းလျှပ်စစ်ကုမ္ပဏီက ဂူမီမှာရှိတဲ့ စက်ရုံကို လည်ပတ်မှုကနေ ရပ်ဆိုင်းလိုက်ရပါတယ်။  ဂူမီဟာ ဆိုးလ်မြို၌ကနေ အရှေ့တောင်ဘက် ၁၂၅ မိုင်မှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ ရုံးပိတ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ရှိ ဒေဂူးမြို့ရှိ ရှင်ချန်ဂျီး ခရစ်ယာန်ဘုရားကျောင်းအဖွဲ့ဝင် ၉၃၀၀ နီးပါးကို အိမ်ထဲမှဘဲ သီးသန့်နေရန်သို့မဟုတ် အပြင်ထွက်ခွာခြင်းမရှိအောင် တာဝန်ရှိသူတွေက အကြုံပြုထားပေမယ့် လူရာချီပြီး ကူးစက်သွားပြီးဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP