ဖူကျိုး ဇွန် ၁၄
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်ရှိ နန်ပင်း၊ စန်းမင်နှင့် အခြား သောမြို့များရှိ လူပေါင်း ၅၁၅၀၀ မှာ ဇွန် ၁၄ ရက် နံနက် ၆နာရီအထိ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားခဲ့ရသည်။
ဒေသခံပေါင်း ၂၇၀၀၀ ကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ ယခုကာလအတွင်း ဖူကျန်းပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးမြေဟက်တာပေါင်း ၃၁၃၃ မှာ ပျက်စီးခဲ့ရသည်ဟု ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးအာဏာပိုင်များက ပြောသည်။ ဇွန် ၉ ရက် နံနက် ၈နာရီမှ ဇွန် ၁၄ ရက် နံနက် ၆ နာရီအထိ ဖူကျန်းပြည်နယ်တစ်ဝန်း မြို့နယ်ပေါင်း ၃၈၆ မြို့နယ်တွင် စုစုပေါင်း မိုးရေချိန် ၁၀၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်။
ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒေသဆိုင်ရာ အရေးပေါ်ပြုပြင်ရေးဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပေးစက်များ တပ်ဆင်ထားသည့်ကားများဖြင့် နန်ပင်းမြို့ရှိ နေအိမ်များ လျှပ်စစ် ဓာတ်အားပြန်လည်ရရှိရေး ကူညီပေးခဲ့ကြသည်။
ဆင်ဟွာ