၂၂ ဇူလိုင်
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီပြည်နယ်တွင် အင်အားပြင်းထန်သော မိုးသက်မုန်တိုင်းဖြစ်ပေါ်နေပြီး ရေလွှမ်းမိုးမှုကြောင့် လူပေါင်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့သည်။
အဆိုပါ မိုးသည် ညနေ ၃နာရီအချိန်တွင်စတင်ရွာသွန်းခဲ့သည်။ Gaohu မြို့မှာရှိသည် Yichun တောင်တန်းဒေသတွင် တနင်္ဂနွေနေ့က ခရီးသွားအုပ်စု သုံးခုမှ ခရီးသွား၂၈၅ဦး ပိတ်ပိနေခဲ့ကြောင်း ကျန်ဇီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက ထုတ်ပြန်ခဲ့သည်။
တနင်္လာနေ့ နံနက်ပိုင်းတွင် ပျောက်ဆုံးနေခဲ့သည့် တောင်တက်အဖွဲ့ဝင်များကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။
ဘေးအန္တရာယ်ကျရောက်နေသည့် နေရာပေါင်း ၅၃၀ကို ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်