လောင်းလုံး ၁၅ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ ပြင်းထိန်ကျေးရွာ၊ မူန်လွန်-ပြင်းထိန် ကျောင်း၌ တရုတ်နိုင်ငံဆင်းရဲမှု လျှော့ချရေးဖောင်ဒေးရှင်း (China Foundation For Poverty Alleviation Myanmar Office -CFPA) မှ ယနေ့ နံနက် ၉ နာရီတွင် လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာ၊ မူလွန်-ပြင်းထိန်ကျောင်း၌ လွယ်အိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းပွဲတွင် မူလွန်ပြင်းထိန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ကြူရှိန်က အဖွင့်အမှာ စကားပြောကြားပြီး  တရုတ်နိုင်ငံဆင်းရဲမှုလျော့ချရေးဖောင်ဒေးရှင်း တာဝန်ခံ စီမံကိန်းအရာရှိ ဦးဒယ်နီရယ်က လှူဒါန်းခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။

 

အဆိုပါ လှူဒါန်းခြင်းသည် မြန်မာနိုင်ငံရှိ မူလတန်း ကျောင်းများမှ ကျောင်းသူ/ကျောင်းသားများ လွယ်အိတ်နှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ လိုအပ်မှု၊ ပူပင်မှုမရှိဘဲ အဆင်ပြေပြေဖြင့် အသုံးပြုနိုင်စေရန်၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့နိုင်စေရန် တို့အတွက် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ပြီး လောင်းလုံး မြို့နယ်အတွင်းရှိ မူလတန်းကျောင်းပေါင်း (၉၂)ကျောင်း၊ ကျောင်းသားဦးရေ(၁၀၁၃၈)ဦးအတွက် လွယ်အိတ်နှင့် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သိန်းသိန်း(ပြန်/ဆက်)