ပေကျင်း ဇွန် ၁၅

 

တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး ဓာတ်ခွဲခန်း၌ လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၁၄ ရက်တွင် ပြောကြားသည်။

 

ယင်းအာကာသဆိုင်ရာ ဓာတ်ခွဲခန်းသည် တရုတ်နိုင်ငံ အန်ဟူးပြည်နယ်တွင် အခြေစိုက်ပြီး အန်ဟူးပြည်နယ် အမျိုးသား အာကာသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ အာကာသဆိုင်ရာဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အရေးကြီးသည့် ခြေလှမ်းဖြစ်ပြီး နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍကို အားဖြည့်ရာရောက်ကြောင်း တရုတ် အမျိုးသားအာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဇန်ကီကျန်းက ပြောကြားသည်။ အဆိုပါဓာတ်ခွဲခန်းအား အမျိုးသားအဆင့် သိပ္ပံဆိုင်ရာ ဓာတ်ခွဲခန်းမှ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ