ဧပြီ ၂၄

 

တရုတ်နိုင်ငံအရှေ့ပိုင်း ဂျန်ချီပြည်နယ်ရှိ အကြီးဆုံးရေချိုကန် ပိုယန်၏ ရေမျက်ပြင်သည် မကြာသေးမီရက်များအတွင်း မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ဆက်လက်မြင့်တက်လျက်ရှိသည်။

 

အဆိုပါရေကန်၏ ရေမျက်နှာပြင်သည် ယမန်နေ့က ၁၂ ဒသမ ၀၁ မီတာမြင့်တက်ခဲ့ရာ ထိုရေကန်၏ ခြောက်သွေ့သောရာသီ ကုန်ဆုံးသွာပြီဟု မှတ်ယူရသည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ ရက်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထိုရေကန်၏ရေမျက်နှာပြင် ၁၂ မီတာကိုပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

 

ယနေ့မနက် ၈ နာရီတွင် ထိုရေကန်၏ချင်ဇီဇလဗေဒဌာန၌ ရေမျက်နှာပြင် ၁၂ ဒသမ ၀၄ မီတာသို့ရောက်ရှိကြောင်း ပြည်နယ်ဇလဗေဒစောင့်ကြည့်ရေးစင်တာ၏ အချက်အလက်အရ သိရသည်။

 

ထိုရေကန်သည် ၂၀၂၂ ခုနှစ် ဇွန်လမှစတင်ကာ မိုးခေါင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့သည်။ လွန်ခဲ့သောနှစ်က သာမန်နှစ်များထက် ရက်ပေါင်း ၉၂ ရက်စောကာ ခြောက်သွေ့သောရာသီအဖြစ်ဝင်ရောက်ခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို