ရှန်ဟိုင်း ဇန်နဝါရီ ၈
၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း ရေခဲ -နှင်း ရာသီတွင် တရုတ်နိုင်ငံ၏ ရေခဲနှင့် နှင်းအပန်းဖြေခရီး သွားလုပ်ငန်းသည် ကမ္ဘာလှည့်ခရီးသွားသန်း ၅၂၀ ကို ဆွဲဆောင် နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။
အဆိုပါလုပ်ငန်းမှ အခွန်ငွေ ယွမ် ၇၂၀ ဘီလီယံ ကျော်ရရှိမည်ဟု ခန့်မှန်းထားသည်။ ခရီးသွားဝင်ရောက်မှု ခန့်မှန်းခြေ ကို တရုတ်ခရီးသွားအကယ်ဒမီက ရေခဲ-နှင်း ခရီးသွားလုပ်ငန်း၏ နှစ်စဉ်အစီရင်ခံစာကို အခြေခံကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီး သွား ၃၄၄ သန်း ဝင်ရောက်ခဲ့ပြီး အဆိုပါခရီးသွားကဏ္ဍမှ ယွမ် ၄၇၄ ဘီလီယံရရှိခဲ့ပြီး ယင်းလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေ သည်ဟု သိရသည်။ တရုတ်နိုင်ငံ သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ရေခဲနှင့် နှင်းခရီးသွားကဏ္ဍအတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် ယွမ် ၂ ဒသမ ၈၈ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းပေါင်း ၉၀၀၀ နီးပါးမှာ ရေခဲနှင့် နှင်းခရီးသွားကဏ္ဍအတွက် ပါဝင်လိုကြောင်း စာရင်း ပေးသွင်းခဲ့ကြသည်။ ရေခဲနှင့် နှင်းခရီးသွားလုပ်ငန်းတွင် စိတ်ပါဝင်စားသည့် လုပ်ငန်းများမှာ တစ်နှစ်ထက်တစ်နှစ် ၂၀ ဒသမ ၁ ရာခိုင်နှုန်းတိုးလာသည်ဟု သိရသည်။ တရုတ်နိုင်ငံ၏ ဆောင်းရာသီ အပန်းဖြေ ခရီးသွားလုပ်ငန်း မှ ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်တို့ တွင် ခရီးသွားပေါင်း သန်း ၃၀၀ ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ