၃ ဩဂုတ်
တရုတ်နိုင်ငံက ချင်းဒေါင်ဘီယာပွဲတော်ကို တက်ရောက်လာသူ ထောင်ပေါင်းများစွာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် မျက်နှာဖုံးတွေ မပါရှိသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေပါ လိုက်နာခြင်း မရှိတာကို တွေ့ရပါတယ်။ ဘီယာပွဲတော်ရဲ့ နောက်ကွယ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်က ချင်းဒေါင် ဘီယာပွဲတော်ကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂၃ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ချင်းဒေါင်ဘီယာပွဲတော်မှာ ဘီယာ အမျိုးပေါင်း ၁၅၀၀ ကျော်ကို ရရှိနိုင်ပြီး ပွဲတော်မှာ အစားအစာနဲ့ ဖျော်ဖြေရေးအပြင် မီးရှူးမီးပန်ဖောက်ပြိုင်ပွဲတွေပါ ကြည့်ရှု့နိုင်ကြောင်း သိရပါတယ်။
ပွဲတော်မှာ လာရောက်လည်ပတ်သူတွေ လက်ခံနိုင်ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းသာ လက်ခံပြီး ဝန်ထမ်းအားလုံးဟာ မျက်နှာဖုံး ဝတ်ဆင်ထားခြင်းနဲ့ ပွဲတော်လာရောက်သူတွေကို အပူချိန် တိုင်းတာခြင်းတွေပါ လုပ်ဆောင်တာကိုတွေ့ရပါတယ်။

နိုင်ငံခြားကတင်သွင်းတဲ့ ဘီယာစည်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိဆေးပြီး ပွဲတော်ကျင်းပရာနေရာကို မသယ်ဆောင်ခင်မှာ ပိုးသတ်ဆေး ဖျန်းခြင်းတွေပါ လုပ်ဆောင်ကြောင်း သိရပါတယ်။
ချင်းဒေါင် ဘီယာစက်ရုံကို ဂျာမနီ ကိုလိုနီခေတ် (၁၈၉၈-၁၉၁၄) အတွင်းမှာ တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တနင်္လာနေ့မှာ ၄၃ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP