ပေကျင်း   အောက်တိုဘာ    ၂၉

တရုတ်နိုင်ငံက လွှတ်တင်မည့်  ရှန်ကျို့  ၁၉ အာကာသယာဉ်တွင် လိုက်ပါတာဝန်ထမ်းဆောင်မည့် အာကာသယာဉ်မှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း တရုတ်အာကာသအေဂျင်စီက အောက်တိုဘာ ၂၉ ရက်   သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။

၎င်းအာကာသယာဉ်မှူးများမှာ   ကိုင်းဇူဇေး၊ ဆောင်လင်တုန်းနှင့် ဝမ်ဟိုဇီတို့ဖြစ်သည်။

ရှန်ကျို့ ၁၉ အာကာသယာဉ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက် ပေကျင်းစံတော်ချိန် နံနက် ၄ နာရီ ၂၇ မိနစ်တွင်   တရုတ်နိုင်ငံ  အနောက်မြောက်ပိုင်းရှိ ဂျီကွမ်း အာကာသယာဉ်လွှတ်တင်ရေး စင်တာမှ လွှတ်တင်မည်ဖြစ်သည်။

၎င်းအာကသယာဉ်မှူးများသည် အာကာသထဲတွင် အာကာသသိပ္ပံဆိုင်ရာ  စမ်းသပ်လေ့လာမှုများ ဆောင်ရွက်ခြင်း၊ ဒြပ်ထုမဲ့ပတ်ဝန်းကျင်၌  လုပ်ငန်းတာဝန်များ  ဆောင်ရွက်ခြင်းနှင့်  အာကာသ ဆိုင်ရာ သင်ခန်းစာများ  ပို့ချခြင်းတို့ကို   ဆောင်ရွက်မည်ဖြစ်သည်။

ကိုးကား -ဆင်ဟွာ

ဘာသာပြန် -စိုးသူရ