တရုတ်နိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဘင်္ဂလားဒေ့ရှ် ထပ်မံရောက်ရှိ

ဒါကာ ဩဂုတ် ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံအစိုးရက လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သြဂုတ် ၁၃ ရက်တွင် ထပ်မံလက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဩဂုတ် ၁၃ ရက် ဒေသစံတော်ချိန် ညနေ၆ နာရီတွင် ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့်မိသားစုရေးရာ ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယခုရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအစီအစဉ် COVAX မှတစ်ဆင့် တရုတ်နိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာပြီးနောက် နှစ်ရက်အကြာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများမှရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၄၆၅ ဦး နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၇ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၄၀၅၃၃၃ ဦးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၃၇၁၀ ရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်