၄ ဇွန်
တရုတ်နိုင်ငံတောင်ပိုင်းရှိ မူလတန်းကျောင်း တစ်ကျောင်းကို ဓါးကိုင်ထားသူတစ်ဦးက ဒီနေ့(ကြာသပတေးနေ့)မှာ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ကျောင်းသူကျောင်းသား ၃၇ ဦးနဲ့ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဒဏ်ရာရရှိသူ စုစုပေါင်း ၃၉ ဦးလုံးကို ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသခံယူနေကြောင်း၊ အားလုံးဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူကိုလည်း ဖမ်းဆီးရရှိကြောင်း၊ လက်နက်ကိုင်ဆောင်ထားသူဟာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလည်း ယူနန်ပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းကို လက်နက်ကိုင်သူတစ်ဦးက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ကျောင်းသူကျောင်းသား အများစုပါဝင်တဲ့ လူပေါင်း ၅၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ၂၀၁၉ စက်တင်ဘာလကုန်ခါနီး အချိန်ကလည်း တိုက်ခိုက်မှုဖြစ်ပွားရာ ကျောင်းသူကျောင်းသား ၈ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ယခု တိုက်ခိုက်ခဲ့သူ အသက် ၄၀ ဝန်းကျင်အမျိုးသားကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP