တရုတ်နိုင်ငံက ပံ့ပိုးထားသောစီမံကိန်းများ မလေးရှား ပယ်ဖျက်

သြဂုတ် ၂၂

မြန်နှုန်းမြင့်မီးရထားလမ်းတစ်ခုနှင့် ဓာတ်ငွေ့ပိုက်လိုင်းများတည်ဆောက်မှု တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသော စီမံကိန်း ၂ခုကို ဖျက်သိမ်းလိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ကြေညာလိုက်သည်။ 

ယခုအချိန်တွင် မလေးရှားနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းများ မလိုအပ်ကြောင်း  သြဂုတ် ၂၁ရက်တွင် မဟာသီယာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

စီမံကိန်းများ ဖျက်သိမ်းလိုက်ရသည့် အကြောင်းရင်းများကို မဟာသီယာက ရှင်းပြခဲ့ကြောင်း မလေးရှား မီဒီယာများကဆိုသည်။

တရုတ်တာဝန်ရှိသူများက မလေးရှားနိုင်ငံ၏ အခက်အခဲများကို နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခြေခံအဆောက်အဦစီမံကိန်းများတွင် ပါဝင်သော  တရုတ်နိုင်ငံကုမ္ပဏီများမှာ  တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မေဇော်ထက်